JTUC-RENGO နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်သမားရေးရာ ဆွေးနွေးတိုင်ပင်နိုင်သည့် အထူးသီးသန့် ဖုန်းလိုင်း

2022年6月16日

 

~နိုင်ငံခြားသား အလုပ်သမားများ အလုပ်ခွင်တွင် အခက်အခဲကြုံတွေ့ပါက ဆက်သွယ်နိုင်ပါသည် ~

6 လ  28 ရက် ( အင်္ဂါနေ့ )   ~ 29 ရက် ( ဗုဒ္ဓဟူးနေ့ )    မနက် 10 ~ ညနေ 4

 

အလုပ်သမားသမဂ္ဂမှ  SNS၊ အီးမေးလ် ဖြင့် အလုပ်သမားရေးရာပြဿနာများကို လက်ခံဆွေးနွေးပေးပါမည်။

ဂျပန်ဘာသာစကား ၊ အင်္ဂလိပ်ဘာသာစကား ၊ ဗီယက်နမ်ဘာသာစကား ၊ မြန်မာဘာသာစကား

 

နိုင်ငံခြားသားဖြစ်ပြီး အလုပ်ခွင်တွင် ပြဿနာများ ကြုံတွေ့နေရပါက ဆက်သွယ်နိုင်ပါသည်(ဒဏ်ရာရခြင်း  ၊ လုပ်အားခ /အချိန်ပိုကြေး

မရရှိခြင်း ၊ မတရားအလုပ်ထုတ်ခံရခြင်း ၊ နှောင့်ယှက်အနိုင်ကျင့်ခံရခြင်း စသည်များ )။တိုင်ပင်ဆွေးနွေးခမှာ အခမဲ့ ဖြစ်ပါသည်။

ဆွေးနွေးတိုင်ပင်ထားသော အချက်အလက်များ မပေါက်ကြားစေရပါ။

 

Facebook:

Facebook:https://www.facebook.com/rengosoudan.myanmar(အချိန်ကာလအကန့်အသတ်ရှိ အထူးအင်တာနက်စာမျက်နှာ)

  1. 6 လ 24 ရက် မှ စတင်ပြီး ဆွေးနွေးမှုကို လက်ခံပါမည်။ 28 ရက်နေ့ နောက်ပိုင်းတွင် ဖြေပေးပါမည်။
  2. ကာယကံရှင်၏ စကားလုံးဖြင့် ရေးပါ။
  3. အထူးအကြံပေးမှ ဖြေကြားပေးပါမည်။ အချိန်အနည်းငယ် ပေးရနိုင်ပါသည်။

 

အီးမေးလ် :https://www.jtuc-rengo.or.jp/soudan/  (ဂျပန်ဘာသာ သာလျှင်)

  1. အထက်ပါ ဝက်ဆိုက် မှ ဂျပန်ဘာသာစကားဖြင့် ဆွေးနွေးပါ။
  2. နိုင်ငံခြားဘာသာစကား ဆိုလျှင် အချိန်အနည်းငယ်ပေးရနိုင်ပါသည်။